Asthma – Burmese
AACALD2020_Burmese_What your doctor needs to know
AACALD2020_Burmese_Asthma Action Plan
AACALD2020_Burmese_10 Ways to Live Well
COVID-19
BURMESE | ENGLISH |
ကိုရိုနာဗိုင်းရပ်စ်များဆိုသည်မှာ သာမန်အအေးမိခြင်းနှင့် အခြားအသက်ရှူလမ်းကြောင်း အပေါ်ပိုင်းတွင် ရောဂါပိုးဝင်ရောက်ခြင်းတို့ကဲ့သို့ လူအများကို နာမကျန်းဖြစ်စေသည့် ဗိုင်းရပ်စ်အုပ်စုဝင်တစ်ခု ဖြစ်သည်။ | Coronaviruses are a family of viruses that make people sick, such as common colds and other upper respiratory tract infections. |
COVID-19 ဆိုသည်မှာအခြားကိုရိုနာဗိုင်းရပ်စ်များထက် လူများစွာအား ဖျားနာစေပြီး ပိုမိုပြင်းထန်သော နာမကျန်းမှုများ ဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားဖြစ်သည်။ | COVID-19 is a kind of coronavirus which is causing more people to be sick and develop more serious illness than other coronaviruses. |
ပန်းနာရင်ကြပ် ဝေဒနာရှင်များသည် ဤဗိုင်းရပ်စ်ပိုးကူးစက်ခံရနိုင်သည့် အန္တရာယ်ပိုများနိုင်ခြေ ရှိမရှိဟု အကြံပြုသည့် တိကျသော အချက်အလက်များ ယခုအချိန်အထိ မရှိသေးပါ။ ပန်းနာရင်ကြပ် ဝေဒနာရှင်များရောဂါပိုးကူးစက်ခဲ့ရပါက ပြင်းထန်သော နာမကျန်းမှုများ ခံစားရနိုင်သည့် အန္တရာယ်ပိုများနိုင်ခြေ ရှိမရှိကို အကြံပြုရန်လည်း အထောက်အထား တစ်စုံတစ်ရာ မရှိသေးပါ။ | There is no specific data as yet to suggest that people with asthma are at a higher risk of contracting the virus. Nor is there any evidence to suggest that people with asthma have a higher risk of experiencing serious illness if they get it. |
သို့သော် ကျွန်ုပ်တို့သည် ပန်းနာရင်ကြပ်ဝေဒနာရှင်များ၊ ၎င်းတို့၏မိသားစုများနှင့် ရပ်ရွာအသိုက်အဝန်းအား မိမိတို့ကိုယ်တိုင်နှင့် အခြားသူများကို ကာကွယ်ပေးနိုင်ရန် လုပ်ဆောင်နိုင်သည့် အရာအားလုံးကို လုပ်ဆောင်ထားရန် တိုက်တွန်းလိုပါသည်။ | But we encourage people with asthma and their families and communities to do everything they can to protect themselves and others. |
သင့်အန္တရာယ်ကို လျှော့ချနိုင်ရန် အကောင်းဆုံးသင်လုပ်ဆောင်နိုင်မည့် နည်းလမ်းတစ်ခုမှာ သင့်ပန်းနာရင်ကြပ်ရောဂါကို အကောင်းဆုံးထိန်းချုပ်ထားပြီး ကျန်းမာရေးနှင့်ညီညွတ်အောင် နေခြင်းဖြစ်သည်။ ယင်းတွင် အခြားရေရှည် ရောဂါအခြေအနေများကို ကိုင်တွယ်ထိန်းချုပ်ခြင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်အောင် စားသောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းနှင့်စိတ်ဖိစီးမှုများကို ကိုင်တွယ်စီမံခြင်းတို့အပေါ် အလေးထားခြင်းတို့ ပါဝင်သည်။ | One of the best things you can do to reduce your risk is to optimise your asthma control and stay healthy. This includes managing other long-term conditions and focusing on eating healthy, exercising and managing your stress. |
သင့်ပန်းနာရင်ကြပ်ရောဂါကို ကိုင်တွယ်ထိန်းချုပ်ရာတွင် အောက်ပါ လုပ်ဆောင်ရွက်ရေးစာရင်းကို ထည့်သွင်းစဉ်းစားပါ – | When it comes to managing your asthma, consider the following checklist: |
AACALD2020_Burmese_10 Ways to Live Well | |
မှတ်ချက် – ပန်းနာရင်ကြပ်ရှိသူများသည် မိမိတို့၏ ရှူသွင်းရသည့် ပန်းနာရင်ကြပ် ကာကွယ်ဆေးများကို ညွှန်ကြားထားသည့်အတိုင်း ဆက်လက်အသုံးပြုသင့်သည်။ | Note: People with asthma should continue to use their inhaled asthma preventer medications as prescribed. |
အချို့ရင်းမြစ်များက COVID-19 ကမာ္ဘ့ကပ်ဘေးကာလအတွင်း
“ကော်တီကော်စတီးရွိုက်” သောက်သုံးခြင်းကို ရပ်ထားရန် သင့်အား အကြံပြုထားပါသည်။ သို့သော်လည်း ဤအချက်အလက်များသည် သာမန်လူထုတစ်ရပ်လုံးအတွက်သာဖြစ်ပြီး မိမိတို့၏ ရောဂါအခြေအနေကို ထိန်းသိမ်းရန် သို့မဟုတ် တိုး၍ ပန်းနာရင်ကြပ်ခြင်း (ရုတ်တရက်ထဖောက်ခြင်း) ကို ကုသရန်အတွက် ကော်တီကော်စတီးရွိုက် အသုံးပြုရန်လိုအပ်သော ပန်းနာရင်ကြပ်ဝေဒနာသည်များအား ညွှန်ကြားထားခြင်းမဟုတ်ပါ။ |
Some sources have recommended that you stop taking “corticosteroids” during the COVID-19 epidemic. But this information is for the general population and is not directed at people with asthma who need to take corticosteroid medication to manage their condition or treat asthma flare-ups (attacks). |